Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုန်တိုင်းဒဏ်ခံနိုင်ရန် အရိပ်ရလေကာပင်များကို ရှင်သန်ကြီးထွားအောင် စနစ်တကျစိုက်ပျိုး


25 Jun,2023

စစ်တွေ ဇွန် ၂၅

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ် ကဲရန် စစ်တွေမြို့၌ ရောက်ရှိ နေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ရေချမ်းပြင် ဘူတာ၊  အားကစားနှင့် ကာယ ပညာသိပ္ပံ(စစ်တွေ)၊ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦ၊ ဧည့်ရိပ်သာနှင့် ဝန်ထမ်း အိမ်ရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးကမိုးရာသီကာလဖြစ် သဖြင့် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ကြရန်၊ မုန်တိုင်းဒဏ်ခံနိုင်ရန် အရိပ်ရ လေကာပင် များကို ရှင်သန်ကြီးထွားအောင် စနစ်တကျစိုက်ပျိုးသွားကြရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရန်နှင့် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်သွားကြရန် မှာကြားပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ညှိနှိုင်ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိပြီး ဝိရှုပက္ခနှင့် ပြည်တော်အေး-၂ သင်္ဘောများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တ ရား အင်အားများ အသုံးပြု၍ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးပို့ရန်စီမံဆော်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိကြပြီး  အထူးကုဆရာဝန်ကြီးများက မုန်တိုင်းဒဏ်သင့် ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုနှင့် ဆေးကုသမှုခံယူ နေကြသူများကို ကြည့်ရှု အားပေးပြီးအထူး ကုဆရာဝန်ကြီးများနှင့် ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများထံ လက်ဆောင်ပစ္စည်းများနှင့် စား သောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အဆိုပါ ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါ၊ အဆုပ်နှင့် ရင်ခေါင်းရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ၊ ဦးနှောက်ရောဂါ၊ အာရုံကြောနှင့် အတက်ရောဂါ၊ အရိုးအဆစ် သွေးလေး ဘက်နာရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသဲရောဂါ၊ ဆီးချိုနှင့် ဟော်မုန်းရော ဂါ၊ သွေးရောဂါ၊ ကလေးသွေးရောဂါ၊ ကင်ဆာရောဂါနှင့် အထွေထွေရောဂါများကို ကုသ ပေးလျက် ရှိကြောင်းသိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများ နင့်စပ် လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိ နှိုင်းဆောင် ရွက်ပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ဆက်သွယ်ရေး မိုဘိုင်းစခန်း များ ထိခိုက်ပျက်စီးခဲ့ရာ  ယနေ့အထိ မိုဘိုင်းစခန်းပေါင်း ၁၂၂၉ ခုကို ပြန်လည်ပြုပြင် ပြီးဖြစ် မိုဘိုင်းဖုန်းဆက်သွယ်ရရှိမှုအနေဖြင့် ၉၉ ဒသမ ၆၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရ သည်။

(သတင်းစဉ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm