Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအများစုသည် ကျေးလက်ဒေသများ၌ တည်ရှိနေသဖြင့် စိုက်ပျိုးရေးမွေးမြူရေး သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ကြရမည်


24 Jun,2023

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စစ်တွေမြို့ ကစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေဘုရားပတ်ဝန်းကျင်နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အတွင်း ကူညီ ကယ်ဆယ်ရေးအဖွဲ့များနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအား စတုဒီသာ ကျွေးမွေးရန် ပြင်ဆင်ချက်ပြုတ်နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောင်းနွယ်မင်းဂံကျေးရွာ၊ ချောင်းနွယ်မင်းဂံ ကျောင်းတိုက်အတွင်း စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် ဆေးကုသမှု ခံယူနေကြသူများကို ကြည့်ရှုအားပေးရာ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက လိုက် လံရှင်းလင်းပြသကြပြီး အထူးကုဆရာဝန်ကြီးများနှင့် ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူ လူထုအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောင်းနွယ်မင်းဂံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကဝိဓဇ အား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့်  အသက်မွေးဝမ်းကြောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် စပ်လျဉ်းသည့် အစုအဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော် ပြည်သူလူထုသည် ကျေးလက်ဒေသ၌နေထိုင်ကြကြောင်း၊ ထို့အတူ မိမိတို့နိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့် အတွက် စိုက်ပျိုးနှင့် မွေးမြူရေးလုပ်ငန်းအများစုသည်ကျေးလက်ဒေသများ၌ တည်ရှိနေ သဖြင့် စိုက်ပျိုးရေးမွေးမြူရေးသမဝါယမအသင်းများဖွဲ့စည်း ဆောင်ရွက်ကြရ မည်ဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်အောင်၊ ဝင်ငွေတိုး ပွားအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရည်ရွယ်ချက် တူညီ သူများဖြင့် သမဝယမအသင်းများဖွဲ့စည်းပြီး  အောင်မြင်အောင် အကောင် အထည် ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိရိုးဖလာစပါးမျိုးစိုက်ပျိုးခြင်းထက် ဒေသနှင့် ကိုက်ညီပြီး အထွက်တိုးစေမည့်မျိုးစပါးများကိုသာစိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ နှင့်အတူမွေးမြူရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက် ကြစေလိုကြောင်း၊ မွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင်လည်း အစုအဖွဲ့ဖြင့် ခြံလှောင်မွေးမြူသည့်စနစ်ကို ဆောင်ရွက် ကြစေလိုကြောင်း၊ နို့စားနွား၊ ခိုင်းနွားနှင့်ဒေသန္တရ နွားများမွေးမြူခြင်းအတွက် နေဗီယာမြက်ကို စီးပွားဖြစ်စိုက်ပျိုးကြစေလိုကြောင်း၊ နည်းပညာအကူ အညီလိုအပ်သည် များကိုထောက်ပံ့ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အသားတိုးကြက်များမွေးမြူရေး ဆောင်ရွက်သွားကြမည်ဆိုပါက လိုအပ်သည်များကို ချိတ် ဆက်ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး အတွက်လို အပ်သည့် သွင်းအားစုများကိုလုပ်ထုံးလုပ်နည်းများနှင့်အညီ “မ” တည် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်နေကြသည့် လုပ်ငန်းများအောင်မြင်နေမှုကိုတွေ့မြင်နိုင်ကြောင်း ၊ ကျေးလက်နေပြည်သူ များ လူမှုစီးပွား ဘဝများမြင့်မားရေးနှင့် ဝင်ငွေတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးနှင့် စပ်လျဉ်းသည့်လိုအပ်သော အကူအညီအထောက်အပံ့များနှင့် ဈေးကွက်ရရှိရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်တာဝန်ရှိသူများက နွားမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့်  မြစိမ်းရောင်စီမံကိန်းနှင့်စပ်လျဉ်းသည့် ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများ ကိုလည်ကောင်း၊ မွေးမြူရေးနှင့်ရေးလုပ်ငန်းတို့မှ သမဝါယမအသင်းကိုယ်စားလှယ်များ၊ မြစိမ်းရောင်စီမံ ကိန်းနှင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်လျှက်ရှိသော မွေးမြူ ရေးအစုအဖွဲ့နှင့် ရေလုပ်ငန်းအစုအဖွဲ့တို့မှ တာဝန်ရှိသူများ က စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆောင်ရွက်လျှက်ရှိ သည့် အခြေအနေများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တို့ကဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး က စိုက်ပျိုးရေးမွေးမြူရေး စပ်လျဉ်း၍ တွေ့ကြုံရသည့် အခက်အခဲများကို မိမိဌာနတာဝန််ရှိသူများနှင့် ဆက်သွယ်တွေ့ ဆုံညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အလျင်အမြန်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားကာရှင်းလင်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင် ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအ နေများနှင့် စပ်လျဉ်းသည့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်မပျက် သွက်သွက်လက်လက်မြန်မြန်ဆန်ဆန် ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စစ်တွေမြို့ကို သန့်ရှင်းသာယာလှပသည့်မြို့ဖြစ်စေ ရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သတ်သတ်မှတ်မှတ် ကြပ်ကြပ်မတ်မတ် ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီးလိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm