Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ်မြေစွန်းရွာသစ်-နလင်ကန်(န)အေးရွာကျေးရွာချင်းဆက်လမ်း၌ ကွန်ကရစ်ရေကျော်တစ်စင်း တည်ဆောက်နေမှုကွင်းဆင်းစစ်‌ဆေး


27 Jun,2023

ချောက် ဇွန် ၂၆

       မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ချောက်မြို့နယ်မြေစွန်းရွာသစ်- နလင်ကန် (န)အေးရွာ ကျေးရွာချင်းဆက်လမ်း၌ ကွန်ကရစ်ရေကျော်တစ်စင်းတည်ဆောက်နေမှု အခြေအနေများကို ဇွန် ၂၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ကွန်ကရစ်ရေကျော် တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်က သတ်မှတ် စံချိန်စံနှုန်းနှင့်အညီ လုပ်ငန်းမျာ းအချိန်မီပြီးစီးရေ းဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။

     ချောက်မြို့နယ် သစ်- နင်ကန်(န)အေးရွာ ကျေးမြေစွန်းရွာရွာချင်းဆက်လမ်း၌ အရှည်ပေ ၂၃၀၊ အကျယ်ပေ ၂ဝ၊ အမြင့်ကိုးလက်မရှိ ကွန်ကရစ်ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၁၃၈ သန်းဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဇွန်လ တတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၃၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

   အဆိုပါ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးပါက အနီးပတ်ဝန်းကျင် ကျေးရွာငါးရွာမှ အိမ်ခြေ ၁၃၀၀၊ လူဦးရေ ၄၅၀၀တို့၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့်လွယ်ကူလျင်မြန်စွာ ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးအရာရှိ(မြို့ပြ)ဦးဇော်မင်းထွဋ်ကပြောပြ၍သိရသည်။

နွဲ့ယဉ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm