Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒလမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


21 Jun,2023

 ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည်  ဒလမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ဒလမြို့နယ် ရခိုင်ချောင်တောင်ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသော ရေကန် အနက်နှိုက်ခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးကာ ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သောက်သုံးရေကန် ရေရှည်အသုံးပြုနိုင်ရေး၊ ရေပြတ်လပ်မှုမရှိစေရေး စနစ်တကျဝိုင်းဝန်း ထိန်းသိမ်း ပေးကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

      အဆိုပါ ရခိုင်ချောင်တောင်ကျေးရွာ သောက်သုံးရေကန်သည် အကျယ် ပေ ၁၀၀ ရှိပြီး နွေရာသီ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မူလကန်အနက်မှ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် သုံးပေအနက်နှိုက်ခြင်းဖြစ်ပြီး အိမ်ခြေ ၂၉၃လုံးနှင့် လူဦးရေ ၁၀၃၀ တို့ကို နှစ်စဉ်သောက်သုံးရေများ အကျိုးပြုနေသည့် ရေကန်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm