Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတောင်ကြီးမြို့နယ် တောင်ချောင်း(အထက်)ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


21 Jun,2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အတောင်ချောင်း(အထက်)၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေတို့ဖြင့် ကျေးလက်ရေရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဇွန်လ ၁၉ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ခံဝန်ထမ်းများက အတောင်ချောင်း(အထက်)၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စိမ့်စမ်းရေသွယ်ယူခြင်း၊ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

 အဆိုပါ အတောင်ချောင်း(အထက်)ကျေးရွာ စိမ့်စမ်းရေပိုက်လိုင်းအရှည် သုံးမိုင်ငါးဖာလုံ  သွယ်ယူခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၆၆ ဒသမ ၅၅၅ သန်းဖြင့် မေလ စတုတ္တထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်းနှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၆၈ အိမ်၊ လူဦးရေ ၂၃၈ ဦးတို့အတွက် အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm