Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်အနုပညာအသင်း အခမ်းအနားမှူး သင်တန်းဆင်းပွဲအခမ်းအနား


20 Jun,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်အနုပညာအသင်း အခမ်းအနားမှူး သင်တန်းဆင်းပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၉.၆.၂၀၂၃)ရက်နေ့ နံနက် (၁ဝး၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေး ဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများ ဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူး၊ ဒုဌာနမှူး၊ ဌာနခွဲမှူးများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် အခမ်းအနားမှူးသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်အောင် ဦးဆောင် ဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်အနုပညာအသင်းမှ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်တန်းဖြစ်မြောက်အောင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသူများကို ဦးစွာကျေးဇူးအထူးတင်ရှိပါကြောင်း၊ အခမ်းအနားများတွင် အခမ်းအနားမှူးများ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးသည့်အတွက် သင်တန်းတွင် သင်ကြားပေးခဲ့သည့် အခမ်းအနားမှူး တစ်ယောက် တွင် ရှိသင့်သော Vocal အနိမ့်အမြင့်၊ အတက်အကျ၊ ချိန်ဆပြောဆိုနိုင်မှု၊ စကားလုံး ရှင်းလင်း ပြတ်သားစွာ တင်ပြနိုင်မှု စသည့် Presentation Skill အပြည့်အဝရှိရန်နှင့် အဝတ်အစား ဝတ်ဆင်ရာတွင် မိမိကိုယ်ကို Self Confidence ရှိရှိဖြင့်သပ်ရပ်ကျော့ရှင်းစွာ ဝတ်ဆင် ဆောင်ရွက်ရန်၊ ပွဲတွင် ကြုံတွေ့လာရမည့် အပြောင်းအလဲများကို ပါးနပ်စွာ လုပ်ကိုင်ဆောင် ရွက်တတ်ခြင်း အတတ်ပညာများကို အကျိုးရှိရှိ အသုံးချ၍ တက္ကသိုလ်၏ အခမ်းအနားများတွင် အရည်အချင်းပြည့်မီသော MC များအဖြစ် ဆောင်ရွက်နိုင်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဒေါ်ဝေဝေမြင့်၊ ကထိကနှင့် ဒေါ်ဝင့်ဝါ၊ ကထိကတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလတ်မှတ်များကို သင်တန်းသား ကိုယ်စားလှယ်တစ်ဦးအား ကိုယ်စားပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်တစ်ဦးမှ သင်တန်းတက်ရောက်ခွင့်ရသည့်အပေါ် ဝမ်းသာပီတိ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm