Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီး ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း


16 Jun,2023

နေပြည်တော် ဇွန် ၁၆

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူမျာအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားအား ၁၆-၆-၂၀၂၃ ရက်နေ့(သောကြာနေ့) ညနေ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

       အခမ်းအနားသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

  ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းမိသားစုများရဲ့ ထူးချွန်ကျောင်းသား/ကျောင်းသူများကို ယခုလိုတွေ့ဆုံကြရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း ၊ယခုလိုအောင်မြင်မှုမျိုးကို ဆက်လက်ကြိုးစားအားထုတ်၍ နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့ အကျိုးကို တစ်ထောင့်တစ်နေရာမှနေ၍ သယ်ပိုးနိုင်ပါစေကြောင်း၊ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း တာဝန်ထမ်းဆောင် နိုင်ပါစေကြောင်းနှင့် ပညာဆက်လက်သင်ယူစဉ် လိုအပ်သည့် အခက်အခဲများ ရှိပါကလည်းမိသားစုစိတ်ဓါတ်ဖြင့် တင်ပြစေလိုကြောင်း စသည်ဖြင့်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

    အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာမှ (၆)ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁)ဦး၊  (၅)ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁)ဦး၊ (၃)ဂုဏ်ထူးဖြင့်အောင်မြင်သူ (၃)ဦး၊ (၂)ဂုဏ်ထူးဖြင့်အောင်မြင်သူ (၃)ဦး၊ ရိုးရိုးဖြင့်အောင်မြင်သူ (၃)ဦး စုစုပေါင်း (၁၁) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်