Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဆင်းပွဲ


16 Jun,2023

နေပြည်တော် ဇွန် ၁၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အသစ်ခန့် အမြဲတမ်းဝန်ထမ်းရာထူးနေရာများဖြစ်သည့် အငယ်တန်းအင်ဂျင်နီယာ (၃) (မြို့ပြ) ၊အငယ်တန်းအင်ဂျင်နီယာ(၄)(မြို့ပြ)တို့အား  ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီ အချိန်က နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

       ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းကနေ သင်ကြားပေးလိုက်တဲ့အရာများကို စာတွေ့နှင့် လက်တွေ့ပေါင်းစပ်၍ အလုပ်လုပ်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ယောက်စွမ်း‌ဆောင်ရည်အမြဲပြည့်ဝနေရန်အတွက် မိမိတို့ရဲ့ Capacity Building ကိုလည်းမြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်သင်ကြားနေဖို့လည်း လိုအပ်ပါကြောင်းနှင့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းကိုလည်းလိုက်နာကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ဆက်လက်၍ သင်တန်းတက်ရောက်ခဲ့သော သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

       အဆိုပါ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၃/၂၀၂၃)ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၄၅)ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၁၀)ဦး၊ စုစုပေါင်းသင်တန်းသား(၅၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အင်ဂျင်နီယာဆိုင်ရာဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်