နေပြည်တော် ဇွန် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် နိုင်ငံတော်အဆင့်ထူးချွန်ဆုများ ချီးမြှင့်အပ်နှင်းခြင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများ၊ စီမံကိန်းလုပ်ငန်းများအလိုက် ဆောင်ရွက် နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမွေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ကံစမ်းမဲများဖောက်ပေးခြင်းနှင့် နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခြင်း အခမ်းအနားများအား ယနေ့နံနက်ပိုင်းက အဆိုပါရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေး၊ မြို့ပြနှင့် ကျေးလက်အကြား၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ၁၇-၆-၂၀၂၁ ရက်နေ့ တွင် စတင်ဖွဲ့စည်းပေးခဲ့ရာ ယနေ့ဆိုလျှင် ဝန်ကြီးဌာန၏ (၂)နှစ်ပြည့်နှစ်ပတ်လည်နေ့ ရောက်ရှိပြီ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ် ထားရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ သမဝါယမလုပ်ငန်းများ အောင်မြင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်သော လုပ်ငန်းများ အောင်မြင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းများအောင်မြင်ရေး၊ သမဝါယမပညာတတ်များ မွေးထုတ်ပေးနိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးနိုင်ရေး၊ ကျေးလက်လမ်း/ တံတားများ ဖွံ့ဖြိုးတိုးတက် ရေး၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ ငွေကြေးအရင်း အနှီးရရှိရေး လုပ်ငန်းများအား တတ်စွမ်းသမျှ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ထိုက်သင့်သည့် အောင်မြင်မှုများလည်း ရရှိနေပါကြောင်း၊ ယခုလို မင်္ဂလာ ရှိသော (၂) နှစ်ပြည့်ကာလမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် သမဝါယမလုပ်ငန်းမျာနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့ဝန်ထမ်းများက ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက မိမိတို့ဝန်ကြီးဌာန၏ (၂) နှစ်ပြည့် မင်္ဂလာနှစ်ပတ် လည်နေ့မှသည် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆတက်တမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ တံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက စာပေပညာထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသော ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူများ၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်)ရရှိသူများ၊ စီမံထူးချွန်တံဆိပ်(တတိယဆင့်)ရရှိသူများ၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယဆင့်)ရရှိသူများနှင့် နည်းပညာထူးချွန်တံဆိပ်(တတိယဆင့်) ရရှိသူတို့အား ဂုဏ်ပြုဆု တံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စု ဝန်ကြီးက ဆုရရှိသော တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(စံပြကျေးရွာ)ဆုရရှိသော ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စု မြစိမ်းရောင်ကျေးရွာအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ ဝန်ထမ်းများအတွက် ဝတ်စုံများ ထောက်ပံ့ပေးအပ် ရာ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက လက်ခံရယူကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ် နိုင်ငံလုံး (သိပ္ပံတွဲ) ပထမရရှိသူ အပါအဝင် (၆) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦး၊ (၅) ဘာသာဂုဏ်ထူး ရရှိသူတစ်ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရရှိသူ (၁၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၁၂) ဦးတို့အတွက် တစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် ရိုးရိုးအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူ (၄၂) ဦးတို့ အတွက် တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၁၆) သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ၊ ဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများ ကံစမ်းမဲ ဖောက်ခြင်းအစီအစဉ်တွင် မဲပေါက်ကြသော ဝန်ထမ်း များထံ TV များ၊ ရေခဲသေတ္တာများ၊ စက်ဘီးများ၊ ပန်ကာများ၊ Water Cooler များနှင့် စက်စ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံဝန်ထမ်းတက္ကသိုလ်များတွင် ဆုရရှိသူများနှင့် သမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်အကောင်းဆုံးဆု ရရှိသူများအတွက် ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း) တို့မှ ဝန်ထမ်းများအတွက် ဝတ်စုံများ၊ စက်ဘီးနှင့် စက်ပစ္စည်း ကံစမ်းမဲ ပေါက်သူများအား ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အကောင်းဆုံးဆုရရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အကောင်းဆုံးရရှိသော မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေး ထူးချွန်ဆုရရှိသော နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ထူးချွန်စွာဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃) ဘာသာ၊ (၂) ဘာသာ (၁) ဘာသာဖြင့် အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအတွက် ဂုဏ်ပြုဆုများအားလည်းကောင်း ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက လက်ခံရယူကြသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက ဦးစီးဌာနများ၊ တက္ကသိုလ် များအလိုက် ထူးချွန်ဆုရရှိကြသူများအတွက် ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ၊ ကံစမ်းမဲ ပေါက်သူများအတွက် TV၊ စက်ဘီး၊ ရေခဲသေတ္တာ၊ ပန်ကာတို့အား ပေးအပ်ချီးမြှင့်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ဝန်ကြီးဌာန (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်း တိုက်၊ ပဓာဏနာယကဆရာတော် အရှင်ဂန္ဓမာလာထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော် အရှင် သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။