Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း(အရာထမ်း/ အမှုထမ်း)များ၏ လစာအား ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်ပေးနိုင်ရေး တွေ့ဆုံရှင်းလင်းတင်ပြခြင်းသတင်း


16 Jun,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း(အရာထမ်းအမှုထမ်း)များ၏ လစာအား ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးနိုင်ရေး ကိစ္စအား uab bank မှ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခြင်းကို(၁၄-၆-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၊ VIP Meeting Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံရှင်းလင်းပွဲတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြားစီမံ (၁၄) ဌာနမ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနတာဝန်ခံများ၊ ဒု-ဌာနမှူးများ တက်ရောက်ခဲ့ပြီး United Amara Bank(uab bank) မှ တာဝန်ရှိသူ Assistant Vice President ဒေါ်မြတ်မြတ်ဦးနှင့် Area Manager ဦးရဲလင်းအောင်တို့က မြန်မာနိုင်ငံဗဟိုဘဏ်၏ ဒစ်ဂျစ်တယ်အဆောက်အအုံသို့ အသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်များအရ ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ အဖွဲ့အစည်းများနှင့် အများပြည်သူများ ငွေသားသုံးစွဲမှုလျော့ချပြီး ဒစ်ဂျစ်တယ်စနစ် အသုံးပြုခြင်းအား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်၏ ညွှန်ကြားချက်များအတိုင်း ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ဝန်ထမ်းလစာများထုတ်ယူမှု အဆင်ပြေ စေရန် uabpay Wallet ဖြင့် Pay Roll Service နှင့် ဘဏ်၏ ဆက်စပ်ဝန်ဆောင်မှုများ၊ ပေးမည့်ပုံစံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ပါမောက္ခချုပ်မှ uabpay Wallet ဖြင့် Pay Roll Service နှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး uab bank မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm