သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် ဝန်ထမ်းများအတွက် ထောက်ပံ့ပေးသော အမျိုးသားဝတ်ရှပ်အင်္ကျီနှင့် အမျိုးသမီးဝတ် အင်္ကျီများ ပေးအပ်ခြင်းကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ရုံးခန်း၌(၁၆-၆-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ (အရာထမ်း/အမှုထမ်း)၊ နေ့စားဝန်ထမ်းများ စုစုပေါင်း (၂၇၃) ဦး အတွက် အမျိုးသားဝတ်၊ အမျိုးသမီးဝတ်အင်္ကျီများကို သင်ကြား/စီမံ (၁၄) ဌာနမှ ဌာနမှူးများနှင့် ဌာနကိုယ်စားလှယ်များအား ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးဦးတင်သိန်းမှ ပေးအပ်ခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။