Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မဲခေါင် -လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆောင်ရွက် မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ စီမံကိန်းဦးဆောင်ကော်မတီအစည်းအဝေးကျင်းပ


16 Jun,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မဲခေါင် -လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆောင်ရွက် မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ စီမံကိန်းဦးဆောင်ကော်မတီအစည်းအဝေးကို(၁၆-၆-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်က ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့(PMU)ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းပိုင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၃)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သော စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကျေးလက်ရေရရှိရေးဌာနနှင့် ကျေးလက်မီးလင်းရေးဌာနတို့မှ တာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအခြေ အနေများအား ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေး မှူးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်