Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြုလက်မှတ် Certificate in Business Law (Batch-3) သင်တန်းဖွင့်လှစ်ခြင်း


16 Jun,2023

သန်လျင်၊ ဇွန် ၈ ရက်

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဥပဒေပညာရပ်ကို စိတ်ပါဝင်စား၍ လေ့လာသင်ယူလိုသူများကို စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေအသိအမှတ်ပြုလက်မှတ်ရအခမဲ့ Online သင်တန်း Certificate in Business Law (Batch-3), Free Online Certificate Course ကို  (၈-၆-၂၀၂၃ မှ ၈-၉-၂၀၂၃) နေ့အထိ (၃)လကာလ အပတ်စဉ်အင်္ဂါနေ့မှ သောကြာနေ့၊ နေ့လည်(၂:၀၀) နာရီ မှ (၄:၀၀) နာရီအထိ Learning Management System – LMS ကို အသုံးပြု၍ Online မှ သင်ကြားသွားမည်ဖြစ်ပါသည်။ ၎င်းသင်တန်းတွင် စီးပွားရေးဥပဒေများဖြစ်သော Law of Contract(ပဋိညာဉ်အက်ဥပဒေ), Company Law (မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ), Sale of Goods Act (ကုန်စည်ရောင်းချခြင်းအက်ဥပဒေ), Partnership Act (အစုစပ်လုပ်ငန်း အက်ဥပဒေ),  Investment Law (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ), Taxation Law (အခွန် ဥပဒေ), Intellectual Property Law (အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေများ)နှင့် Law of Employment (အလုပ်သမားဥပဒေများ)စသည့်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ် ပါသည်။ ယခုသင်တန်းကိုစီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေအသိအမှတ်ပြုလက်မှတ် Certificate in Business Law (Batch-1)နှင့် (Batch-2)သို့ လျှောက်ထားခဲ့ပြီးတက်ရောက်ခွင့်မရရှိခဲ့သော သူများကိုဦးစားပေး၍ တက်ရောက်ခွင့်ပြုခဲ့ပြီး သင်တန်းသားဦးရေ(၈၀)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm