Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနိုင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


13 Jun,2023

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့်တစ် နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အခြားမိသားစုဝင်ငွေတိုးစီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်နိုင်စေရန်ရည်ရွယ်၍ ရွာသစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဆဌမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ တနိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ဦးစီးမှုး ဦးရန်နိုင်ညွန့်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ချစေရန်နှင့်စိုက်ပျိုးရေး၊မွေးမြူရေးလုပ် ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုးစီးပွါးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့
ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဇော်မျိုးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှုး ဦးရန်နိုင်ညွန့်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၄၈၅ သိန်း ကို လွှဲပြောင်းပေးအပ်သည်။
 
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက ရွာသစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဆဌမအကြိမ်အဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသား၊အသင်းသူ ၇၀ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၄၈၅ သိန်း ထုတ်ချေးပေးခဲ့သည်။
 
အခမ်းအနားသို့ တနိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ဦးစီးမှုး ဦးရန်နိုင်ညွန့်၊မြို့နယ်ဦးစီးမှုး ဦး‌ဇော်မျိုးနှင့်ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်ကျေးရွာသူ၊ကျေးရွာသားများတက် ရောက်ခဲ့ကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်