Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းကြယ်သီးထိုးသင်တန်းဆင်း


13 Jun,2023

မန္တလေး ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိ စေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းကြယ်သီးထိုးသင်တန်း ဆင်းပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက သင်တန်းဆင်းအမှာ စကားပြောကြားပါသည်။

ဆက်လက်၍ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက သင်တန်းနည်းပြ များနှင့် သင်တန်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

အဆိုပါ သင်တန်းကို အမရပူရမြို့နယ်အတွင်းရှိ ဝါးရုံပင်ကျေးရွာ၊ ဝဲကြီးစင်ရွာကျေးရွာ၊ နတ်ရေကန်ကျေးရွာတို့မှ သင်တန်းသူ(၁၀)ဦးကို ကျွမ်းကျင်နည်းပြနှစ်ဦးက ပန်းကြယ်သီးထိုးနည်း အမျိုးအစား(၂၅)မျိုးကို ၇ ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း အမရပူရမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်စန်းဦးထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်