Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ ဆန်းစစ်ချက် စစ်ဆေးခြင်းကျင်းပ


12 Jun,2023

နေပြည်တော်၊ ဇွန်လ ၁၂

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ဝန်ထမ်းများအနေဖြင့် ဌာန၏ လုပ်ငန်းတာဝန်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဝန်ထမ်းကျင့်ဝတ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆန်းစစ်ချက် စစ်ဆေးခြင်းအား ရုံးချုပ်၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၌ ယနေ့ နံနက်(၁၀)နာရီမှ (၁၂)နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆန်းစစ်ချက် စစ်ဆေးခြင်းတွင် ဝန်ထမ်းကျင့်ဝတ်စာအုပ်၊ ဝန်ထမ်းကျင့်ဝတ်အိတ်ဆောင်ကတ်ပါအချက်များ၊ မှတ်ပုံတင်လက်စွဲစာစောင်၊ ဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာသင်တန်းကိစ္စရပ်များ၊ ဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ(၁၅၅)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းလက်စွဲစာစောင်များနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ပါသည်။

              အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆန်းစစ်ချက် စစ်ဆေးခြင်းအား ရုံးချုပ်၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများမှ ဦးစီးအရာရှိမှ ဒုတိယညွှန်ကြားရေးမှူးအထိ အရာထမ်းစုစုပေါင်း(၂၀၇)ဦး ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်