Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု သင်တန်းများ MBA, MPA, MAR and Diploma in HRM Online Classes ပထမအကြိမ် ဖွင့်ပွဲအခမ်းအနား


12 Jun,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများ Master of Business Administration, Master of Public Administration, Master of Applied Research and Diploma in Human Resource Management ပထမအကြိမ် Online Classes ဖွင့်ပွဲအခမ်းအနားကို Conference Room ၌ (၁၀.၆.၂၀၂၃)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ Program Director များ၊ သင်ကြားရေး ဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများ ဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူး၊ ဒုဌာနမှူး၊ ဌာနခွဲမှူးများ တက်ရောက်ခဲ့ကြပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာဒေါ်ရီအေး၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာခင်နိုင်ဦး၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) စာရင်းအင်းပညာဌာန ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) ဒေါ်ခင်အေးမြင့်နှင့် သင်တန်းသား၊ သင်တန်းသူ (၂၂၉) ဦးတို့မှ Zoom ဖြင့် Online မှ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် စီမံခန့်ခွဲမှုနယ်ပယ်ရှိ လူ့စွမ်းအားအရင်းအမြစ်များအား စီးပွားရေးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ  အသိပညာ ဗဟုသုတများ ရရှိလာရန်၊ အဆင့်မြင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ အတတ်ပညာများရရှိလာရန်၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုနယ်ပယ်ရှိ လူ့စွမ်းအား အရင်းအမြစ်များအား စနစ်တကျ စီမံခန့်ခွဲနိုင်မည့် HR Manager များ ထွက်ရှိလာစေရန်နှင့် သုတေသနများကို စနစ်တကျလုပ်ဆောင်နိုင်လာပြီး တွေ့ရှိချက် အသစ်အဆန်းများကို ဖော်ထုတ်နိုင်စွမ်းရှိသည့် သုတေသနပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းများမှ ရရှိလာသည့် အသိပညာ ဗဟုသုတများကို လက်တွေ့နယ်ပယ်များတွင် ပြန်လည်အသုံးချခြင်းဖြင့် စီမံခန့်ခွဲနိုင်မှု စွမ်းရည်နှင့် ဉီးဆောင်နိုင်မှု စွမ်းရည်များ၊ စဉ်းစားတွေးခေါ်နိုင်မှု အရည်အသွေးများ တိုးပွားလာပြီး စွမ်းရည်ပြည့်ဝသော ဆုံးဖြတ်ချက် ပြုလုပ်နိုင်မည့် အရည်အသွေးများဖြင့် စူးစမ်းလေ့လာ တွေးခေါ် ဆုံးဖြတ်တတ်လာသော သုတေသန ဉာဏ်ပညာများနှင့်အတူ မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် နယ်ပယ်အဖွဲ့အစည်းများတွင် အချိန်နှင့် တစ်ပြေးညီ ထိရောက်၍ အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များအနေဖြင့် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ပါသည်။ဆက်လက်၍ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာဒေါ်ရီအေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာခင်နိုင်ဦး၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) စာရင်းအင်းပညာဌာန ပါမောက္ခ၊ဌာနမှူး(ငြိမ်း) ဒေါ်ခင်အေးမြင့်တို့မှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်(၄)ဦးမှ သင်တန်းတက်ရောက်ခွင့်ရသည့်အပေါ် ဝမ်းသာပီတိ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm