Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတောင်ကြီးမြို့နယ် မာဒေးကျေးရွာ၌ ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေ


12 Jun,2023

သံတောင်ကြီး ဇွန် ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မာဒေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးရရှိရေးလုပ်ငန်း ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းနေမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးတွင် သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ကျေးရွာလျှပ်စစ်မီး ရရှိရေးအတွက် ၄၀၀ ဗို့ဓါတ်အားလိုင်း ၂၄၇၀ ပေ သွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတးက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် ၁၀၈ သိန်း ၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၀ ဒသမ ၀၄ သိန်း၊  စုစုပေါင်းကုန်ကျငွေကျပ် ၁၂၈ ဒသမ ၀၄ သိန်းဖြင့် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၏ နည်းပညာ အကူအညီ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် မေလ စတုတ္ထအပတ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ ၂၃၄ ဦးတို့အတွက် အချိန်ပြည့် လျှပ်စစ်မီးရရှိနိုင်မှာ ဖြစ်ကြောင်း သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်