Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး (၅) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုပေးပွဲအခမ်းအနားတက်ရောက်


12 May,2022

နေပြည်တော် မေ ၁၂

(၅) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာခေါင်းဆောင်မှု အရည်အချင်းဆုပေးပွဲအခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံဆင်းရဲမှုပပျောက်ရေးကော်မရှင်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ ယနေ့ နေလယ် (၁၂)နာရီ မိနစ်(၃၀)အချိန်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ရာ  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံမှ ဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၅) ကြိမ်မြောက်အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာခေါင်းဆောင်မှု အရည်အချင်းဆုပေးပွဲအခမ်းအနားကို အာဆီယံနိုင်ငံများရှိ NGO/CSO များနှင့် Private Sectors များမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအခန်းကဏ္ဍများတွင် ထိရောက်အောင် မြင်စွာဆောင်ရွက်နိုင်မှုများအား အသိအမှတ်ပြုရန်၊ အစိုးရ-ပုဂ္ဂလိက-ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ (၂)နှစ်တစ်ကြိမ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုအခမ်းအနားသည် ပဥ္စမအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အာဆီယံဒုတိယအတွင်းရေးမှူးချုပ် His Excellency EKKAPHAB PHANTAVONG နှင့် ဖိလစ်ပိုင်နိုင်ငံ ဆင်းရဲမှုပပျောက်ရေးကော်မရှင်မှ Lead Convener His Excellency NOEL K. FELONGCO တို့က အသီးသီး အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး အာဆီယံနိုင်ငံအသီးသီးမှ ဆုရရှိသော NGO/CSO များနှင့် Private Sectors များက ၎င်းတို့ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံမှ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဆုရရှိသည့် Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့မှလည်း ကျေးလက်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုများအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုများအား အသီးသီးလက်ခံရယူကြပါသည်။

ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ဆုချီးမြှင့်ခြင်း အခမ်းအနား၌ ဂုဏ်ပြုစကားပြောကြားခဲ့ရာတွင် ခေါင်းဆောင်မှုအရည်အချင်းဆုရရှိသည့် အာဆီယံနိုင်ငံအသီးသီးမှ NGO/CSO များနှင့် Private Sectors များအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံမှ ဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့ကိုလည်း ချီးကျူးဂုဏ်ပြု လိုပါကြောင်း၊ ယခုလိုဆုရရှိခြင်းဟာ တစ်ဦးတည်းတစ်ဖွဲ့တည်း၏ဆောင်ရွက်ချက်ကြောင့်မဟုတ်ဘဲ သက်ဆိုင်သူ အားလုံးပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆုရရှိသောအဖွဲ့အစည်းများအနေဖြင့်လည်း မိမိသက်ဆိုင်ရာနိုင်ငံအသီးသီးနှင့် အာဆီယံဒေသတွင်း‌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများတွင် ယခုထက်ပို၍ အစွမ်းကုန်ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍကို အဓိကတာဝန်ယူဆောင်ရွက်နေသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရရှိသော အာဆီယံနိုင်ငံအသီးသီးမှ NGO/CSO များနှင့် Private Sectors များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ အာဆီယံခေါင်းဆောင်မှုအရည်အချင်းဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့အား ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm