Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနား


09 Jun,2023

             သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို  (၈-၆-၂၀၂၃) ရက်နေ့ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ညောင်သုံးပင်ကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေး (၁၁) ဌာနမှ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး) များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ (၁၅၀) ဦး နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ ကျောင်းသား၊ ကျောင်းသူများ (၂၀၀) ဦး၊ စုစုပေါင်း (၃၅၀) ဦး တက်ရောက်ခဲ့ပါသည်။

            အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်ခဲ့သည့် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းနှင့်ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြပါသည်။ ပရိတ်တရားတော် နာယူကြသော ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား အအေးနှင့် စမူဆာများ ဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို ညနေ (၁၆:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm