ဘားအံ၊ ဇွန် ၇
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ဌာနဆိုင်ရာဝန်ထမ်းများသက်သာချောင်ချိ ရေးအတွက် ပြည်နယ်သမဝါယမဦးစီးဌာနအစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေရယူဆောင်ရွက်လျက်ရှိသော ဒေသတွင်း ဆန်/ ဆီလုပ်ငန်းရှင်သမဝါယမအသင်းသား များ၏ ထုတ်ကုန်များဈေးကွက်ရရှိရေးနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရန် ရည်ရွယ်၍ ထွက်ရှိလာသောဆန်နှင့် ဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် လစဉ် ရောင်းချပေးခဲ့သည်။
ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ၂၁ ခုရှိ ဝန်ထမ်းများအား ပေါ်ဆန်းမွှေးဆန် 3920 ပြည်၊ (တန်ဖိုးငွေကျပ် ၁၃၀၀၅၇၀၀/-) နှင့် မြေပဲဆီ ၁၄၀ ပိဿာ (တန်ဖိုးငွေကျပ် ၁၉၆၀၀၀၀)၊ စုစုပေါင်းငွေကျပ် ၁၄၉၆၅၇၀၀ တို့ကို ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး ဝန်ထမ်းများသက်သာချောင်ချိရေး အတွက် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်