Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သတ္တမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနား


30 May,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

သတ္တမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနား

စစ်ကိုင်း၊ မေလ ၂၈ ရက်

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၇-၅-၂၀၂၃ ရက် (စနေနေ့) ၊ နံနက် (၉:၀၀)နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင် ဧည့်သည်တော်များ၊ ဘွဲ့ယူမောင်မယ် များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီမှ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားရာတွင် မောင်တို့ မယ်တို့ တက္ကသိုလ်၏ ရေရှည်မျှော်မှန်းချက်မှာ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး သက်ဆိုင်ရာ နယ်ပယ်များတွင် အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဒေသဆိုင်ရာအကျိုးပြု တက္ကသိုလ်ဖြစ်လာစေရန်၊ တက္ကသိုလ်၏ သက်တမ်းမှာ (၁၁)နှစ်သာ ရှိသော်လည်း မောင်တို့မယ်တို့ကို အထူးပြုဘာသာရပ်များအလိုက် စီးပွားရေး သိပ္ပံဘွဲ့များ၊ ဘွဲ့လွန်ဒီပလိုမာများ၊ မဟာဘွဲ့များအထိ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး မကြာမီမှာလည်း ပါရဂူ ဘွဲ့များ PhD(Accounting and Finance),PhD(Applied Statistics),PhD(Applied Economics) ပေးအပ်နိုင်သည်အထိ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်အနေဖြင့် လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် မဟာဘွဲ့ များဖြစ်သော MAR, MBA, MPA နှင့် ဒီပလိုမာသင်တန်းများအား onlineဖြင့် LMS System အသုံးပြုကာ နိုင်ငံတော်၏လိုအပ်သော အခန်းကဏ္ဍများကို တစ်ထောင့် တစ်နေရာမှ ဖြည့်စွက်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်အနေဖြင့် အရည်အသွေးအာမခံချက်ရှိသော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ် ပေးလျက်ရှိကြောင်း၊ ဘွဲ့ဒီဂရီများကိုလည်း Quality Assurance (QA) နှင့် ကိုက်ညီသောဘွဲ့ဒီဂရီများကို မွေးထုတ်ပေးနိုင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်အနေဖြင့် တက္ကသိုလ် စာကြည့်တိုက် ကိုလည်း e-library အဆင့်မြှင့်တင်ထားပြီး ဖြစ်သောကြောင့် သုတေသနစာတမ်းပြုလုပ်လိုသူများ အတွက် ဘာသာရပ်ဆိုင်ရာအကျိုးပြုစာအုပ်များ၊ e-book များနှင့် သုတရသအစုံဖတ်ရှုနိုင်အောင် စီစဉ်ထားကြောင်း၊ အကျိုးပြုသုတေသနစာတမ်းများ ပေါ်ထွက်လာစေရန် နှစ်စဉ် သုတေသန စာတမ်းဖတ်ပွဲများနှင့် သုတေသနဂျာနယ်များလည်း ထုတ်ဝေလျက် ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော KOMYRA,UNIMAS တို့နှင့်လည်း ပညာရေး ဆိုင်ရာဖလှယ်မှုများ၊ အကျိုးပြုသုတေသန စာတမ်းများ ဆောင်ရွက်ကာ KOMYRAနှင့်ပူးပေါင်းပြီး သုတေသနစာစောင် (၂၇)စောင် ရေးသားခဲ့ပြီးဖြစ်ကြောင်း၊ မောင်တို့မယ်တို့ဘွဲ့ရလူငယ်များကို Job Opportunity အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် တက္ကသိုလ်အနေဖြင့် ပြင်ပပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ကြားပြီး Job fairများ ကျင်းပပေးကာ အတွေ့အကြုံများ မျှဝေစေခြင်း၊‌ ဘာသာရပ်တိုးတက်ရေးအတွက် ပညာရှင်များ ဖိတ်ကြား၍ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ မောင်တို့ မယ်တို့ အရည်အသွေးများ ပြည့်ဝစေရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး သင်တန်း များ ဖွင့်လှစ်ကာ အခွင့်အလမ်းများစွာ ဖန်တီးပေးခြင်း၊ စာတွေ့လက်တွေ့ ပေါင်းစပ်နိုင်ရန် စီးပွားရေး နယ်ပယ်အသီးသီးရှိ လုပ်ငန်းရှင် များနှင့်ချိတ်ဆက်ပြီး လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်ပေးသည်ကို မောင်တို့မယ်တို့ အသိပဲ ဖြစ်ကြောင်း၊ ယနေ့ချီးမြှင့်လိုက်သော ဘွဲ့ဒီဂရီများသည် သက်ဆိုင်ရာနယ်ပယ်များတွင် ဘက်စုံ ဖွံ့ဖြိုးသော လူကောင်း/လူတော်များဖြစ်လာစေရန်၊ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ကြရန်၊ ဆန်းသစ်တီထွင်မှုများဖြင့် ပညာရပ်များကို လုပ်ငန်းခွင် တွင် လက်တွေ့အသုံးချ နိုင်အောင် ကြိုးစားသွားကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လူစွမ်းအား အရင်းအမြစ် တည်ဆောက်ရာ၌ ပညာရေးသည် အခြေခံ အဓိကကျသည့်အတွက် အသိပညာ နှင့်အတတ်ပညာများကို အချိန်နှင့်တစ်ပြေးညီ လေ့လာ ဆည်းပူးနေရမှာဖြစ်ကြောင်း၊ တက္ကသိုလ် အနေဖြင့် စီးပွားရေးနှင့် ICT ပညာရပ်အပြင် လူမှုရေးစိတ်ဓာတ် နှင့် ပူးပေါင်း ဆောင်ရွက်တတ်သော သဘောတရားများ၊ အလိုအပ်ဆုံးသော အခြေခံကောင်းများကို သင်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ယှဉ်ပြိုင်နိုင်သော စွန့်ဉီးတီထွင် လုပ်ငန်းရှင်များ ဖြစ်အောင် ကြိုးစားသွားကြရန်၊ ယနေ့ မောင်တို့မယ်တို့ကို ရိုးသား ဖြောင့်မတ်သော၊ အများ အကျိုးဆောင်လိုသော၊ တိုးတက်ကြီးပွားလိုသော စိတ်ကောင်းများဖြင့် ဘက်စုံကဏ္ဍစုံကနေ  နိုင်ငံတော်ကို လက်တွေ့ အကျိုးပြု ကြရန်၊ တိုင်းပြည်အနာဂတ်အတွက် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များဖြင့် အကောင်းဆုံး ဆောင်ရွက် သွားကြရန်၊ အစဉ်သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းမှာ ကိုယ်တိုင် လေ့လာဆည်းပူးရင်း နိုင်ငံနှင့် ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက် ရေးကို စွမ်းဆောင်သွားကြရန်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ကိုယ့်ယဉ်ကျေးမှု ၊ ကိုယ့်နိုင်ငံကို မျိုးချစ်စိတ်ဖြင့် ထိန်းသိမ်းမြှင့်တင်ရင်း  အမိတက္ကသိုလ် နှင့်နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေကာ နိုင်ငံတော်မှအားထားရသော တာဝန်ယူတတ်သည့် လူငယ်စွမ်းဆောင်ရှင်များ ဖြစ်ကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။

           ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်အတွက် မဟာဘွဲ့(၁၁)ဉီး၊ စီးပွားရေးသိပ္ပံဘွဲ့(၈၂)ဉီး၊ ဘွဲ့လွန်ဒီပလိုမာ(၁)ဉီး ၊ ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် မဟာဘွဲ့(၈)ဉီးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စီးပွားရေးသိပ္ပံဘွဲ့ (၇၅)ဉီး ၊ Dip HRM ဒီပလိုမာတန်း(၂၇)ဉီး စုစုပေါင်း (၂၀၄)ဉီးအနက် တက်ရောက်ဘွဲ့ယူသူ (၁၅၄)ဉီးနှင့် အဝေးရောက် ဘွဲ့ယူသူ (၅၃)ဉီး တို့ကို သက်ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး အခမ်းအနားကို နေ့လည် ( ၁၂  : ၀၀ ) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းကြောင်း သိရှိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm