ပူတာအို၊ မေ ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဝမ်းစာဖူလုံရေး အတွက် ရည်ရွယ်၍ လုံးစွတ်ရပ်ကွက်ရှိ ဆန်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် တစ်ရက် ပျမ်းမျှ စပါးတန်ချိန် ၁၈ တန်ကျ (မြင်းကောင်ရေ ၂၈.၅ ကီလိုဝပ်) ဆန်စက်အား တည်ဆောက်ပြီးစီး ခဲ့ပြီး စတင်စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆန်စက်လုပ်ငန်းမှ တစ်ရက်လျှင် စပါးတင်း ၃၅၀ ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး တစ်နှစ်ပျှမ်းမျှ စပါးတင်းပေါင်း ၁ သိန်းကျော် ကြိတ်ခွဲထုတ်လုပ်နိုင်မည်ဖြစ်ရာ အသင်းအနေဖြင့် စပါးများကြိတ်ခွဲပေးခြင်း၊ စပါးပေါ်ချိန်တွင် တောင်သူများထံမှ ပေါက်ဈေးဖြင့် ဝယ်ယူ၍ ကြိတ်ခွဲ ရောင်းချပေးခြင်း၊ ဆန်ကြိတ်ခွဲရာတွင် ထွက်ရှိလာသည့် စပါးခွံများနှင့် ဖွဲနုများကို တိရိစ္ဆာန်အစာ အဖြစ် ပြန်လည်ဖြန့်ဖြူးရောင်းချပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်