Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် သမဝါယမကဏ္ဍက အကောင်အထည်ဖော်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


24 May,2023

ပေါင်၊ မေ ၂၄

မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် သမဝါယမကဏ္ဍက စိုက်ဧကပြည့်မီ ရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ပေါင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ၊ ကျုံဟော်ကျေးရွာရှိ ထွန်းသစ် ရွှေဝါ၊ ညောင်ကုန်းကြီးကျေးရွာရှိ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ထန်းပင်ချောင်လေးကျေးရွာရှိ တက်နေဝင်း စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းများမှ အသင်းအမှုဆောင်များ၊ အသင်းသားများ နှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရာတွင် လိုအပ်သည့် သွင်းအားစု မျိုး၊ မြေဩဇာနှင့် ပိုးသတ်ဆေးများကို တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ပံ့ပိုးပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။  


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm