Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်ချောင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဆင်း


23 May,2023

 

သရက်ချောင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  သံဂဟေဆက်သင်တန်းဆင်း

===============================

သရက်ချောင်း မေ ၂၃ ရက် 

================

တနင်္သာရီတိုင်းဒေသကြီး၊သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုစေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည် ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု သံဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးလှိုင်အေးက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က သင်တန်းသားများအနေဖြင့် သင်တန်းက သင်ကြားပို့ချပေးသော သံဂဟေဆက်သင်တန်းနှင့်ပတ်သက်သည့် အသိပညာ၊အတတ်ပညာများကို စဉ်ဆက်မပြတ်ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ် တွင်အကျိုးရှိရှိအသုံးချပြီး မိသားစုဝင်ငွေတိုးစီးပွါးရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးလှိုင်အေးနှင့်တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုနှင့်သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုလွှဲပြောင်းပေးအပ်သည်။

 

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းသို့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၁၂ ဦးတက်ရောက်ကြပြီး သင်တန်းတွင် အခြေခံသံဂေဟေဆက်နည်းများကို မေ ၉ ရက်မှ မေ ၂၃ ရက်ထိ စာတွေ့၊လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က ပြောပြ၍ သိရသည်။

 

ဖြိုးထက်အောင်(ပျော်ဘွယ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm