Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သုံးခွမြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု လုပ်ငန်းအဖွဲ့ဝင်များရွေးချယ်

22 May,2023

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ထုံးကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မေ ၁၇ ရက် နံနက် ၁၁ နာရီက မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု    လုပ်ငန်းအဖွဲ့ဝင်များရွေးချယ်၊   အဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ ခဲ့ကြောင်းသိရသည်။

          အခမ်းအနားတွင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်နှင်းချိုက ထုံးကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိ၍ မိသားစုဝင်ငွေ တိုးပွားကာ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ထုံးကြီးကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု     လုပ်ငန်းအဖွဲ့သည် သက်တမ်း သုံးနှစ်ပြည့်ပြီးဖြစ်သဖြင့်မြစိမ်းရောင် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်နှင့်အညီ ပြန်လည် ရွေးချယ်ခြင်းဖြစ်ကြောင်းနှင့် အဖွဲ့ဝင်များ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြား သည်။

          ထို့နောက် ကျေးရွာသူ၊သားများ၏ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ဉက္ကဌ ဒေါ်ခင်ယုမော်ပါ ခုနစ်ဦးကို ရွေးချယ်ကာ ထုံးကြီးကျေးရွာ မြစိမ်းရောင်ရန်ပုံငေွကြီးကြပ်မှုလုပ်ငန်း အဖွဲ့ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm