Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရုံးနှင့် ဝန်ထမ်းအိမ်ရာများ အမြန်ပြုပြင်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး


21 May,2023

နေပြည်တော် မေ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး၌ မိမိဝန်ကြီး ဌာနအောက် ဦးစီးဌာန (၄) ခုမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝန်ထမ်းအိမ်ရာများ၊ သင်တန်းခန်းမ၊ ရုံးအဆောက်အဦများအား အမြန်ပြန်လည်ပြုပြင်တည်ဆောက်ရေး၊ လိုအပ်သည့် တည်ဆောက်ရေး ပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိလာရေး၊ အမိုးသွပ်များ ရောင်တူဖြစ်စေရေး ညှိနှိုင်း ဆွေးနွေးသည်။

ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဦးစီးဌာန အလိုက် ဆက်လက်ထမ်းဆောင်ရမည့် ပင်မလုပ်ငန်းတာဝန်များ ဖြစ်သော သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးကိစ္စများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းများ၊ လမ်း/ တံတားအပါအဝင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရေး မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်‌ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm