မိုးညှင်း၊ မေ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ရောင်ခြည်လယ်ယာကန်ထရိုက်စိုက်ပျိုးရေးသမဝါယမ အသင်းလီမိတက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ မြို့ဟောင်းကျေးရွာရှိ အသင်းသား တောင်သူ ၉၀ ဦး၏ စိုက်ပျိုးမြေပေါ်တွင် ဆီထွက်သီးနှံများ ထွန်ယက်စိုက်ပျိုးခဲ့ရာ ပဲပုပ်တင်း ၅၀၀၀၊ နေကြာ ၂၂၈ တင်းနှင့် မြေပဲတင်း ၁၇၅၀ ထွက်ရှိခဲ့သည်။ ထွက်ရှိလာသည့်ဆီထွက်သီးနှံများ ရောင်းချရာတွင် ပဲပုပ် တစ်တင်းလျှင် ငွေကျပ် ၄၂၀၀၀၊ နေကြာတစ်တင်းလျှင် ငွေကျပ် ၃၅၀၀၀၊ မြေပဲ(အခွံပါ)တစ်တင်း လျှင် ငွေကျပ် ၂၈၀၀၀၊ မြေပဲ(အခွံမပါ) တစ်ပြည်လျှင် ငွေကျပ် ၆၃၀၀ ဖြင့် ဈေးကောင်းရရှိသည့် အပြင် သမဝါယမအသင်းများမှ ဒေသပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူခြင်းနှင့် ဒေသတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်