Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေဖြူမြို့နယ် မင်းဒပ်ကျေးရွာ၌ ကွန်ကရစ်တံတားတည်ဆောက်နိုင်ရေးစစ်ဆေး


18 May,2023

  တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ရိုင် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မင်းဒပ်ကျေးရွာ၌ ကွန်ကရစ်တံတားတည်ဆောင်နိုင်ရေး မြေပြင်အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လင်းနှင့်တာဝန်ရှိသူများက ကျေးရွာကော်မတီများနှင့်တူ မင်းဒပ်ကျေးရွာ၌ ကွန်ကရစ်တံတားများ  တည်ဆောက်နိုင်ရေးမြေပြင်အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခေတ္တမြို့နယ်ဦးစီးမှူးက ကွန်ကရစ်တံတားတည်ဆောက်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

    ရေဖြူမြို့နယ် မင်းဒပ်ကျေးရွာ၌ အရှည်ပေ ၂၀၊အကျယ် ၁၄ပေ၊ အမြင့် ၁၂ပေရှိ Slab Culvert နှစ်စင်းနှင့်အရှည် ၁၅ ပေ၊အကျယ် ၁၄ ပေ၊မြင့်၁၀ပေရှိ Salb Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၃ ဒဿမ ၇ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ကွန်ကရစ်တံတားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ပါက မင်းဒပ်ကျေးရွာ ရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာမြေဧက ၉၅၀မှ ထွက်ရှိသော ထုတ်ကုန်၊ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လင်းက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm