Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ ပီလောပီနံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ


17 May,2023

ကျုံပျော်၊ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း ပီလောပီနံစိုက်တောင်သူများအား အသင်း များဖွဲ့စည်းပေးလျက်ရှိရာ အင်းတရော်ကျေးရွာတွင် အသင်းသား ၁၇၀ ဦးဖြင့် မြေဧက ၄၀၀ အကျယ်အဝန်းရှိ ပိုမိုပြည့်စုံပီလောပီနံစိုက်ပျိုးရေးသမဝါယမအသင်းကိုလည်းကောင်း၊ လှည်းဆိပ် ကျေးရွာတွင် အသင်းသား ၂၈ ဦးဖြင့် မြေဧက ၇၈ အကျယ်အဝန်းရှိ ရွှေဥဒေါင်းပီလောပီနံစိုက်ပျိုးရေး သမဝါယမအသင်းတို့ကို ဖွဲ့စည်းခဲ့သည်။

အသင်းသားတောင်သူများအား သွင်းအားစုများကို စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးပေးနိုင်ရန်၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန်နှင့် စံချိန်စံညွှန်းပြည့်ဝသည့် ပီလောပီနံအမှုန့်ကြိတ်စက်များ တည်ထောင်နိုင်ရေးအတွက် သမဝါယမကဏ္ဍက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်