Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါရဂူဘွဲ့(Ph.D) သင်တန်းသားများခေါ်ယူခြင်း


17 May,2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ပါရဂူဘွဲ့(Ph.D) သင်တန်းသားများခေါ်ယူခြင်း

၁။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက်  ပါရဂူဘွဲ့(Ph.D)သင်တန်းကို အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြား မည်ဖြစ်ပါသည်-

(က) စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာပါရဂူဘွဲ့

     Ph.D (Accounting & Finance)

(ခ) စီးပွားရေးပညာပါရဂူဘွဲ့(ဘောဂဗေဒ)

      Ph.D (Applied Economics)

(ဂ) အသုံးချစာရင်းအင်းပညာပါရဂူဘွဲ့(စာရင်းအင်းပညာ)

     Ph.D (Applied Statistics)

၂၊၊       ပါရဂူဘွဲ့(Ph.D)သင်တန်းတက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-

(က)    ပါရဂူဘွဲ့(Ph.D)သင်တန်းတက်ရောက်ခွင့် လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     ပါရဂူဘွဲ့အကြိုသင်တန်းကို အချိန်ပြည့်တစ်နှစ် တက်နိုင်သူဖြစ်ရမည်။

(ဂ)     ဝင်ခွင့်လျှောက်ထားသူ၏ အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(င)     အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်၌ အနိမ့်ဆုံး မဟာဘွဲ့တန်းအောင်မြင်သူဖြစ်ရမည်။ Ph.D(Accounting & Finance) အတွက် M.Com, M.Act, MAF ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ Ph.D(Applied Economics) အတွက် M.Econ (Economics), M.SEM ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ Ph.D(Applied Statistics) အတွက် M.Econ (Statistics), MAS ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(စ)     ဘာသာရပ်ဆိုင်ရာ (၃)နာရီမေးခွန်းနှင့် အင်္ဂလိပ်စာ (၃)နာရီမေးခွန်းဝင်ခွင့်စာမေးပွဲဖြေဆို အောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းကို အောင်မြင်သူများကိုသာလက်ခံမည်။

(ဆ)    အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်၌ မဟာ သုတေသနဘွဲ့ ရရှိထားသူများသည် (ဝင်ခွင့်စာမေးပွဲဖြေဆိုရန်မလိုပါ) လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်၊၊

(ဇ)     တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ဆရာမ ပညာရေးဝန်ထမ်းဖြစ်ပါက သင်ကြားရေး အတွေ့အကြုံ ၂၀၂၃ ခုနှစ်၊ မေလ(၃၁)ရက်နေ့တွင် (၃)နှစ်ပြည့်ပြီး လက်ထောက်ကထိက ရာထူး နှင့်အထက်ရှိသူ ဖြစ်ရမည့်အပြင် လျှောက်ထားသူသည် သုတေသနဆိုင်ရာလုပ်ငန်း ဆောင်ရွက် နေသူဖြစ်ပြီး ပါရဂူဘွဲ့သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြင့် ဌာနဆိုင်ရာလုပ်ငန်းတွင် တိုက်ရိုက် အကျိုးပြုနိုင်ကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲက ထောက်ခံသူဖြစ်ရမည်။

(ဈ) ပါရဂူအကြိုသင်တန်းတက်ရောက်ခွင့်ရရှိပါက သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးထံမှ အချိန်ပြည့်(၁)နှစ် တက်ရောက်ခွင့်ပြုနိုင်ကြောင်း ထောက်ခံ စာတင်ပြရမည်။

၃။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာနတွင် သတ်မှတ် ထားသည့် လျှောက်လွှာပုံစံဖြင့်   ၁၉-၅-၂၀၂၃ ရက် (သောကြာနေ့) နောက်ဆုံးထားလျှောက်ထား ရမည်။

၄။      လျှောက်ထားသူများသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ပါရဂူဘွဲ့(Ph.D) သင်တန်းဝင်ခွင့်စာမေးပွဲကို အောက်ပါအတိုင်း ဝင်ရောက်ဖြေဆိုရမည်။

နေ့ရက်                             ဖြေဆိုမည့်ဘာသာရပ်           ဖြေဆိုမည့်အချိန်

၂၃-၅-၂၀၂၃ ရက်(အင်္ဂါနေ့)    သက်ဆိုင်ရာဘာသာရပ်        နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ

၂၄-၅-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့) အင်္ဂလိပ်စာဘာသာရပ်         နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ

၅။      ရေးဖြေစာမေးပွဲအောင်မြင်သူများနှင့် မဟာသုတေသနဘွဲ့ ရရှိထားသူများကို ၃၀-၅-၂၀၂၃ ရက်  (အင်္ဂါနေ့)တွင် လူတွေ့စစ်ဆေးမည်။ ပါရဂူဘွဲ့သင်တန်းတက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို ၃၁-၅-၂၀၂၃ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ထုတ်ပြန်ကြေညာမည်။

၆။      အသေးစိတ်အချက်အလက်များကို ဘာသာရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များထံတွင်လည်းကောင်း၊ သင်တန်းဝင်ခွင့်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ သင်တန်းရေးရာ ဌာန (ဖုန်း-၀၇၂-၂၀၂၃၀၁၄)ထံတွင်လည်းကောင်း စုံစမ်း နိုင်ပါသည်။

 

 

                                                                             ဌာနမှူး၊သင်တန်းရေးရာဌာန

                                                                 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm