မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ဇီးပင်ရိုးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ထားသော လုပ်ငန်းများကို မေ ၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြစိမ်းရောင် စီမံကိန်းတာဝန်ခံ ဒေါ်ခင်ဆွေသက်နှင့်ဝန်ထမ်းများကရေနံချောင်းမြို့နယ်၊ဇီးပင်ရိုးကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့်ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လစဉ်ဖြည့်သွင်းရမည့်ငွေစာရင်းပုံစံများဖြည့်သွင်းထားခြင်းရှိ၊ မရှိစစ်ဆေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
အဆိုပါဇီးပင်ရိုးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို၂၀၂၁-၂၀၂၂(၆) ဘဏ္ဍာနှစ်တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၄ ဦးစုစုပေါင်းငွေချေးယူသူအသင်းသား/အသင်းသူ ၁၀၈ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ထုတ်ချေးထားကြောင်းရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ပြောပြ၍ သိရသည်။
နွဲ့ယဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။