Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး ကျင်းပ


16 May,2023

နေပြည်တော် မေ ၁၆

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဗဟိုသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများ၊ တိုင်း ဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများမှ တိုင်းဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကား ပြောကြားရာတွင် သမဝါယမဦးစီးဌာန သည် တောင်သူဦးကြီးများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် သမဝါယမအသင်းများ ဖွဲ့စည်း ကြီးကြပ်၍ လိုအပ်သည်များ ချိတ်ဆက်ပညာပေးခြင်း၊ ကြီးကြပ်ပေးခြင်းများကို အလေးထား ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပြီးသည့် အသင်းများအနေဖြင့် တကယ်လုပ်သူများ ဖြင့်သာ ၎င်းအသင်းများကို ပြုပြင်ဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသည့်အတွက် အသင်းသားတောင်သူများ လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသည့် သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိအောင် လုပ်ဆောင် ပေးခြင်းဖြင့် သီးနှံများအထွက်တိုးကာ ပြည်သူများ၏ စားရေရိက္ခာလုံလောက်စွာ ဖြည့်ဆည်းပေး နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ဦးစီးဌာနဝန်ထမ်းများအနေဖြင့် အသင်းများ စနစ်တကျ ဖွဲ့စည်းပေးခြင်း၊ မျက်ခြေမပြတ် ကွင်းဆင်းကြီးကြပ်ခြင်း၊ မျိုးကောင်းမျိုးသန့် သွင်းအားစုများကို အမှန်တကယ်သုံးစွဲမှု ရှိ/မရှိ အမြဲ မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်ဘတ်ဂျက်၊ အသင်းပိုင်ငွေတို့ဖြင့် လုပ်ငန်းများဆောင်ရွက်ကြရာတွင် ငွေသားထုတ်ပေးခြင်းမပြုလုပ်ဘဲ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၌ လိုအပ်သည့် သွင်းအားစု များကိုသာ ထောက်ပံ့ပေးမှာ ဖြစ်ပါကြောင်း၊ ယခုလာမည့် မိုးစပါးအတွက် မိုးစပါး ဧက(၁၀၀၀၀)စီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်မည့် စီမံကိန်း ကိုလည်း မဖြစ်မနေ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊

          မွေးမြူရေးကဏ္ဍတွင် ဒေသနွား မွေးမြူရေးအပါအဝင် ကြက်၊ ဝက်၊ ဘဲများကိုလည်း ဒေသနှင့်ကိုက်ညီသည့် တိရိစ္ဆာန်များကို စနစ်တကျ မွေးမြူကြရန် လိုအပ်ပါကြောင်း၊ ရခိုင်နှင့် ရှမ်း ပြည်နယ်တို့တွင် နွားမွေးမြူရေး စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါ ကြောင်း၊ ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အလားတူ ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊

ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေး ထူထောင်ပေးထားသောဆီစက်များအတွက် ကုန်ကြမ်း ဝယ်ယူမှုအပိုင်း၊ ထုတ်လုပ်မှုအပိုင်း၊ ထွက်ရှိလာသည့်ဆီများ ဈေးကွက်ရရှိရေး၊ သမဝါယမအသင်း အချင်းချင်း ကျယ်ပြန့်စွာ ချိတ်ဆက်ဆောင်ရွက်ကြရန်၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်း၊ သမဝါယမအရောင်းဆိုင်များနှင့် Cash Memo အသုံးပြုခွင့်ရသည့် အမှတ်တရပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း လုပ်ငန်းများတွင် ကြပ်မတ်ဆောင်ရွက်သွားကြစေလိုပါကြောင်း။ သမဝါယမအသင်းပိုင်ငွေကြေးများဖြင့် ကျေးရွာများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် Pilot Project အကောင်အထည်ဖော် ဆောင်ရွက်မှု နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြစိမ်းရောင် (သမဝါယမ)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်းများ၊ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းမှရရှိသည့် ရန်ပုံငွေများကို အလေအလွင့်မဖြစ်အောင် စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်နှင့် အသင်းနှင့် အသင်းသားများအတွက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန်၊ ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် သမဝါယမလုပ်ငန်းများကို တိုးတက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ချေးငွေလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဗဟိုသမဝါယမအသင်း လီမိတက်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍ များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm