Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်လီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ


16 May,2023

တောင်ကြီး၊ မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ၂၀၁၉ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ မီနီဘတ်ဂျက်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကို တောင်ကြီးမြို့ ကုန်သည်ကြီးများအသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန် ရှိသူများ၊ ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ် သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများ၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်မှ အသင်းဝင်ကိုယ်စားလှယ်၊ ဦးစီးကော်မတီဝင်များ စုစုပေါင်း (၁၀၇)ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး ပထမပိုင်းတွင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက အမှာစကားပြောကြားခဲ့သည်။  သဘာပတိအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌက ဆောင်ရွက်ပြီး အသင်း၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ ဘဏ္ဍာရေးနှစ်များအတွက် အမှုဆောင်အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြား ရှင်းလင်းခြင်း၊ အသင်းဝင်များ၏ အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းအစီရင်ခံ စာပါ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်၍ သက်တမ်းပြည့် အမှုဆောင်များ နုတ်ထွက်ခဲ့ကြပြီး အစည်းအဝေးပထမပိုင်းကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် အစည်းအဝေး ဒုတိယပိုင်းတွင် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပပြုလုပ်ရာ ဗဟိုအဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ပြည့်စိုးက သဘာပတိအဖြစ် ဆောင်ရွက်၍ အမှုဆောင်သစ်ရွေးချယ်ရာတွင် အသင်းဝင် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားအရ အသင်းဝင်ကိုယ်စားလှယ်တစ်ဦးမှ အဆိုပြုပြီး အသင်းဝင်ကိုယ်စားလှယ်တစ်ဦးမှ ထောက်ခံသည့်စနစ်ဖြင့် အမှုဆောင်သစ်များကို ရွေးချယ်ခဲ့ပြီး အမှုဆောင်သစ်များကို တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌအသစ်မှ မိတ်ဆက်စကားပြော ကြားပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm