Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျိုင်းတုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


13 May,2023

နေပြည်တော် မေ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မေလ (၁၂) ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျိုင်းဖောင်း ကျေးရွာ၊ နမ့်ခင်ချောင်းဘေး ဝဲ၊ ယာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်း တင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နမ့်ခင်ချောင်းဘေး ဝဲ၊ ယာ ဆိုလာ ရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်းသည် စိုက်ပျိုးမြေဧက (၃၀)တွင် စိုက်ပျိုးနေသည့် ဆောင်း သီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ နွေစပါး၊ မိုးစပါးတို့အတွက် အကျိုးဖြစ်ထွန်းစေပြီး ပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမအသင်း အဖွဲ့စနစ်ဖြင့် စုပေါင်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ ဓာတ်မြေဩဇာ၊ စိုက်နည်းစနစ်တို့ကို စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီး စီမံကိန်း လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ကြောင်း ပြောကြားကာ ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်းမှ ဖြန့်ဝေပေး နေသော စိုက်ပျိုးရေဖြင့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm