Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြား


11 May,2023

နေပြည်တော် မေ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မေလ (၁၁) ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်း များနှင့် တွေ့ဆုံမှာကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်က ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် နေပြီး မိမိတို့ဝန်ကြီးဌာနကလည်း မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်၍ ပူးပေါင်းပါဝင် ဆောင်ရွက်နေပါကြောင်း၊ ယင်းလုပ်ငန်းများ အောင်မြင်ရေး ဦးစီးဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဌာနအလိုက် မူဝါဒများ၊ လုပ်ငန်း တာဝန်များကို သိရှိနားလည်ပြီး စေတနာအရင်းခံ၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသ ဖွံ့ဖြိုးရေး၊ ဌာနတာဝန် ကျေပွန်ရေး၊ နိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြု ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သည့် လုပ်ငန်းများ အောင်မြင်ရေးအတွက် မိမိတို့ ဦးစီးဌာနများက ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး လုပ်ငန်းများအတွက် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းပြီး လိုအပ်သည့် မျိုး၊ သွင်းအားစု အချိန်မီရရှိရေး၊ ဈေးကွက်ရရှိရေးအတွက်လည်း ချိတ်ဆက် ထောက်ပံ့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တင်ဒါလုပ်ငန်းများအား မေလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပြီး မြန်မြန်ပြီးစီးနိုင်သည့်လုပ်ငန်းများအား အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပြီး ပြည်သူ များ အချိန်စောလျင်စွာ အကျိုးခံစားခွင့်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ စီမံကိန်းလုပ်ငန်း များအား သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်စီစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြ ရန်၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်လည်း  ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ ရှင်းလင်းတင်ပြမှုအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm