Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ် ပဒုမ္မာ(ရာဘာ)စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


11 May,2023

ပေါင်၊ မေ ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပဒုမ္မာ(ရာဘာ)စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို နတ်ကြီးချောင်ကျေးရွာရှိ စက်မှု(၂)ရုံးခန်း၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အသင်းဥက္ကဋ္ဌ၊ အသင်းအမှုဆောင်များနှင့် အသင်းသူ အသင်းသားများ တက်ရောက်ခဲ့သည်။

အသင်းမှ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၃၇၁၀၀၀၊ အစုပေါ်အမြတ် ငွေကျပ် ၁၀၇၀၀၀၀ ၊ အသင်းသားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် အသင်းသား ၁၀၇ ဦးအတွက် ငွေကျပ် ၁၀၇၀၀၀၀ တို့အား ထုတ်ပေးခဲ့သည်။ ထို့ပြင် ဘဏ္ဍာရေးနှစ်အတွင်း အသင်းလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ခဲ့သည့် အမှုဆောင် ၇ ဦးနှင့် အသင်းသားစာရင်းစစ် ၂ ဦးတို့အား တစ်ဦးလျှင် တစ်သိန်းနှုန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm