Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးပြုလုပ်ခဲ့သော ပါရဂူဘွဲ့ အကြိုသင်တန်း ဘာသာရပ်ဆိုင်ရာဘုတ်အဖွဲ့ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး


05 May,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးပြုလုပ်ခဲ့သော ပါရဂူဘွဲ့ အကြိုသင်တန်း ဘာသာရပ်ဆိုင်ရာဘုတ်အဖွဲ့ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

                   သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၉.၄.၂၀၂၃) ရက်နေ့ နေ့လည် (၀၂းဝဝ)နာရီ အချိန်တွင် ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးပြုလုပ်ခဲ့သော ပါရဂူဘွဲ့ အကြို သင်တန်း Ph.D (Accounting and Finance)ဘာသာရပ်ဆိုင်ရာ ဘုတ်အဖွဲ့ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို Conference Room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သမဝါယမပညာဌာနမှ ဌာနမှူး၊ ဝါဏိဇ္ဇဗေဒဌာနမှ ဌာနမှူး၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ တက်ရောက်ခဲ့ပြီး ပါရဂူဘွဲ့ သင်တန်းဦးစီးကော်မတီ ဘုတ်အဖွဲ့ဝင် ပြင်ပပညာရှင်များဖြစ်သည့် ဒေါက်တာ ဒေါ်တင်လှ[Professor, Myanmar Imperial University]၊ ဒေါက်တာခင်နိုင်ဦး [ပါမောက္ခချုပ်(ငြိမ်း)၊ရန်ကုန်စီးပွားရေးတက္ကသိုလ်]၊ ဒေါက်တာတင်တင်ထွေး [ပါမောက္ခ၊ဌာနမှူး (ဝါဏိဇ္ဇဗေဒဌာန)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်]၊ ဒေါက်တာသင်းသင်းမြင့် [ပါမောက္ခ၊(ဝါဏိဇ္ဇဗေဒဌာန)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်] တို့မှ  Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် Ph.D (Accounting and Finance)ပါရဂူဘွဲ့အကြို သင်တန်းအတွက် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို အသီးသီး ဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးကို ညနေ (၀၄းဝဝ) နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm