Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတက္ကသိုလ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


02 May,2023

ပဲခူး၊ မေ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတက္ကသိုလ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ပဲခူးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ အသင်းဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းသား အသင်းသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာအေးအေးခိုင် က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် အဖွဲ့ဝင် ဒေါ်နီလာထွန်းက ဆောင်ရွက်ခဲ့သည်။ ဘဏ္ဍာရေး ရှင်းတမ်းကို ပဲခူးမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူးဦးသိန်းမော်က ရှင်းလင်းဖတ်ကြားပြီး သဘာပတိ က တက်ရောက်လာသော အသင်းသား အသင်းသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။ ထို့နောက် အသင်းမှ စုဆောင်းငွေပေါ်အတိုးနှင့်အစုပေါ်အမြတ်စုစုပေါင်း ငွေကျပ် ၄၆ သိန်းကျော်အား အသင်း သားပြည်သူများသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm