Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမစနစ်ဖြင့် ပီလောပီနံ စိုက်ပျိုးရန် ကွင်းဆင်းဆောင်ရွက်


29 Apr,2023

နေပြည်တော် ဧပြီ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧပြီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ယုန်သလင်းတိုက်နယ်၊ မ‌ဒေါ့တလုတ်ကုန်းကျေးရွာတွင် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ၊ ဒေသခံပြည်သူများ နှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေးနှင့် ထိုသို့ စိုက်ပျိုးရာတွင် လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီပံ့ပိုးပေးနိုင်ရေး ဆွေးနွေး မှာကြားသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက် နေမှုများအားလည်းကောင်း၊ ကံစပ်ရာကုမ္ပဏီမှ Managing Director ဦးစည်သူအောင်က ပီလော ပီနံ တန်(၁၀၀)ကျ စက်ရုံတည်ဆောက်မည့်အစီအစဉ်များနှင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြပြီး အသင်းသားတောင်သူများ၊ ဒေသခံပြည်သူများ၏ လုပ်ငန်းလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ မိဿလင်ကုန်း ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပီလောပီနံစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ခတ္တူကျေးရွာတွင် ပြုလုပ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ‌ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲသို့ တက်ရောက် သည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက စီမံကိန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၅၀) အား ခတ္တူကျေးရွာသို့လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း (၃၀၀) အား ဘိသလွန်ကျေးရွာသို့လည်းကောင်း ထောက်ပံ့ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူ များက လက်ခံရယူကြပြီး ‌ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

          ဆက်လက်ပြီး လေးမျက်နှာမြို့နယ်အတွင်းမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် တို့တွင် တက်ရောက်သင်ယူနေကြသော ကျောင်းသားကျောင်းသူ (၁၄) ယောက်တို့အား တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် လေးမျက်နှာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေသည့် စိန်တောင်ကျေးရွာနှင့် လှော်ကထားကျေးရွာ မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP OFF-Grid)၊ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေး လုပ်ငန်း တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက် နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကံကုန်းကျေးရွာမှ တောင်သူ ဒေါ်ခင်အုန်းမြင့်၏ လယ်မြေ (၅) ဧကတွင် တစ်နှစ် စပါး ၃ သီး စိုက်ပျိုးနေမှုအား သွားရောက်အားပေးကြည့်ရှုခဲ့သည်။ အဆိုပါလယ်မြေ (၅) ဧကတွင် မိုးရာသီနှင့် ဆောင်းရာသီ၌ ဆင်းသုခစပါးမျိုး စိုက်ပျိုးခဲ့ပြီး ယခုနွေရာသီတွင် ဆိုလာရေတင်စနစ်ဖြင့် ပခန်းရွှေဝါ စပါးမျိုးများ စိုက်ပျိုးလျက်ရှိကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm