မြို့သစ် ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု(ပြင်/ထိန်း) ရန်ပုံငွေကျပ်သန်း ၁၉ ဒသမ ၅၀ဝ နှင့် ငွေကျပ်သန်း ၁၉ ဒသမ ၂၅၀ တို့ဖြင့် ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေကြည်ပင်-တောင်တွင်းကြီး- မြို့သစ်- နတ်မောက်လမ်း(o.km.1km) အကြားနှင့် (1km.2km)ကြား စုစုပေါင်း နှစ်ကီလိုမီတာအား မြေသားတာပေါင်တင်ခြင်းနှင့် ကျောက်ရောမြေခင်း ပြုပြင်ခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ နေပြည်တော် (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါလမ်းသည် ရေကြည်ပင်ကျေးရွာ၊ သီးကုန်းကျေးရွာနှင့် ဝန်ချီကျေးရွာများရှိ အိမ်ခြေ ၇၂၈ အိမ်၊ လူဦးရေ ၃၅၉၀ တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အကျိုးပြုလျက်ရှိကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးထံမှ သိရသည်။
ကိုဇော် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်