Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမှုထမ်းများရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်လှစ်


26 Apr,2023

ရခိုင်၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်သမဝါယမဦးစီးဌာနတွင် အမှုထမ်းများရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၄ က ပြည်နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူ များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင်  ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက  သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ အမှုထမ်းများရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၃) ကို ဧပြီ ၂၄ မှ မေ ၉ ရက်နေ့ထိ နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ရာထူးတိုးမြှင့်ထားခြင်းခံရသော ဦးစီးမှူးနှင့် ဌာနခွဲစာရေးအဆင့်ရှိ ဝန်ထမ်းစုစုပေါင်း ၃၄ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm