Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လားရှိုးမြို့၌ Epanet Software အသုံးပြုနည်းသင်းတန်းနှင့် Plate Bearing Test တိုင်းတာနည်းဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ


26 Apr,2023

လားရှိုး ဧပြီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ယခက်ကထက် ပိုမို တိုးတက်စေရန် ရည်ရွယ်၍ Epanet Software အသုံးပြုနည်းသင်တန်းနှင့် Plate Bearing Test တိုင်းတာနည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးမျိုးအောင်က သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအား စနစ်တကျလေ့လာသင်ယူပြီး မိမိတို့၏ လက်တွေ့ လုပ်ငန်းခွင် နယ်ပယ်တွင် လက်တွေ့ အသုံးချကြ စေလိုကြောင်း သင်တန်းဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။

ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ငြိမ်းစုဝေနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးလှိုင်ဝင်းထွန်းတို့က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားကာ တက်ရောက်လာသော သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

အဆိုပါ Epanet Software အသုံးပြုနည်းသင်တန်းနှင့် Plate Bearing Test တိုင်းတာနည်းဆင့်ပွားသင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၂၈ ဦးတက်ရောက် ကြပြီး သင်တန်းကို သုံးရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်