ဘိုကလေး ဧပြီ ၂၆ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့်ပတ်သက်၍ မြို့နယ်အဆင့်သက်ဆိုင်သူအားလုံးပါဝင် သော သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာ ရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံဝင်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ ဘိုကလေးမြို့နယ်ကျေးလက်ဒေ သဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး ဦးဇော်လင်းနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်း မြို့နယ်အဆင့်သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာစီမံကိန်းကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊အားသာချက်၊အားနည်း ချက် ၊ အကြံပြုချက်များကို ရှင်းလင်းတင်ပြရာ ဘိုကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဘိုကလေးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကံဝင်း၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ကျေးရွာများမှ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၊ ဖွံ့ဖြိုးရေးကော်မတီဝင်များတက် ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်