Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်တွင် စီမံကိန်းကျေးရွာများရွေးချယ်ပွဲကျင်းပ


25 Apr,2023

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊RBF စီမံကိန်းနှင့်ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းကျေးရွာရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်စိုးက အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက ယခုဘဏ္ဍာနှစ်တွင် တိုက်ကြီးမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ နှစ်ရွာ၊RBF စီမံကိန်းကျေးရွာ တစ်ရွာနှင့်ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကျေးရွာ တစ်ရွာကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာများရွေးချယ်ပေးရာတွင်အမှန် တကယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်သည့်ကျေးရွာများကို ဦးစားပေးရွေး ချယ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ နှစ်ရွာ၊RBF စီမံကိန်းကျေးရွာ တစ် ရွာနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကျေးရွာ တစ်ရွာ စုစုပေါင်း ကျေးရွာလေး ရွာကို သတ်မှတ်ထားသည့် ကျေးရွာရွေးချယ်ရေးစည်းမျဉ်း၊စည်းကမ်းများနှင့်အညီ အတည်ပြုရွေးချယ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm