Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကရင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တံတားအစင်း ၄၀ ကျော်နှင့် လမ်း ၄၅ မိုင်ကျော် ဖောက်လုပ်ပေးနိုင်ခဲ့


25 Apr,2023

ဘားအံ ဧပြီ ၂၄

         ကရင်ပြည်နယ်၌ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တံတား အစင်း ၄ဝ ကျော်နှင့် လမ်း ၄၅ မိုင်ကျော် ဖောက်လုပ်ပေးနိုင်ခဲ့ကြောင်း ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဧပြီ ၂၃ ရက်သတင်းများအရ သိရသည်။

          ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် ဘဏ္ဍာနှစ်အလိုက် ရရှိလာသည့် ရန်ပုံငွေအပေါ်မူတည်၍ လမ်း၊ တံတားလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာ၌ လမ်းလုပ်ငန်းကဏ္ဍတွင် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်လမ်း၊ မြေသားလမ်းနှင့် ဂဝံလမ်းများကို ဖောက်လုပ်ပေးခဲ့ပြီး တံတားလုပ်ငန်းကဏ္ဍတွင် မြစ်ကူး၊ ချောင်းကူး တံတားများ၊ Box Culvert များ၊ ကျေးရွာချင်းဆက်၊ မြို့နယ်ချင်းဆက်လမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး နေကြောင်းသိရသည်။

             အဆိုပါဆောင်ရွက်ပေးနေမှုများအရ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တံတား ၄၂ စင်း အသစ်တည်ဆောက်ပေးနိုင်ခဲ့ပြီး ကွန်ကရစ်လမ်း ၂၀ မိုင် တစ်ဖာလုံ၊ ကတ္တရာ လမ်း ၁၇ မိုင် ငါးဖာလုံ၊ ကျောက်လမ်း ခြောက်မိုင် နှစ်ဖာလုံ၊ မြေသားလမ်း တစ်မိုင် လေးဖာလုံနှင့် ဂဝံလမ်း သုည ဒသမ ၃၆ ဖာလုံ တို့ကို အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

        ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် လှာကာ-ဖားဖု-ကျုံပိုက်-ခဲတောက်-မုက္ကဒိလမ်းပေါ်ရှိ ပေ ၁၀၀ သံကူကွန်ကရစ်တံတားသစ် ကိုလည်း ယခုနှစ် ဧပြီ ၂၂ ရက်က ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အဆိုပါ တံတားသည် အရှည် ပေ ၁၀၀၊ အကျယ် ပေ ၂ဝ ရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ် ၃၉၃ ဒသမ ၇ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချမ်းချမ်း


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm