Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်ပေါင်ဝဲမြို့နယ် ကျောက်မြောင်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


25 Apr,2023

ဆင်ပေါင်ဝဲ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဂွေးတောက်စမ်းကျေးရွာအုပ်စု၊ ကျောက်မြောင်းကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် ဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာ ရေပေးရေးကော်မတီဝင်များနှင့်အတူ ကျောက်မြောင်းကျေးရွာ၌ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက် မှာကြားပါသည်။

ကျောက်မြောင်းကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၄၄ ဒသမ ၀၂ သန်းဖြင့် အကျယ်လေးလက်မ အနက်ပေ ၆၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀၀ ဆံ့  စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဆိုလာပြားများနှင့် ဆိုလာပန့်တပ်ဆင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Mega Global Green Automation ကုမ္ပဏီတို့မှ စက်တင်ဘာပထမအပတ်မှ စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ပြောပြ၍ သိရသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းအားလုံးဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၆၁ အိမ်၊ လူဦးရေ ၁၉၂ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် နွေရာသီကာလ သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားပြီ ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm