Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်


25 Apr,2023

နေပြည်တော် ဧပြီ ၂၄

          နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် တိုင်းဒေသကြီး/ ပြည်နယ် များမှ သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းများမှ တာဝန်ရှိသူများ တက်ရောက် သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေ ဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေများ၊ ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သမဝါယမအသင်းများအနေဖြင့် ယခင်ထက်ပို၍ အလုပ်ကြိုးစားကြရန် မှာကြား လိုကြောင်း၊ သမဝါယမဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး အတွက် အမှန်တကယ် အလုပ်လုပ်သူများ၊ ဆန္ဒတူသူများ၊ လုပ်ငန်းတူသူများကို  အသင်းများ ဖွဲ့စည်းကြီးကြပ်၍ လိုအပ်သည်များ ချိတ်ဆက်ပညာပေးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို အလေးထား ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပြီးအသင်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အဓိကဆောင်ရွက်နေကြပြီး အသင်းသားတောင်သူများ လိုအပ်သည့် မျိုးကောင်း မျိုးသန့် ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာတဲ့သီးနှံများ ဈေးကွက်ခိုင်မာမှုရရှိအောင် လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံအထွက်တိုးကာ ပြည်သူများ၏ စားရေရိက္ခာ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ကြောင်း၊

          ဝန်ထမ်းများအနေဖြင့် အသင်းများ စနစ်တကျ ဖွဲ့စည်းပေးခြင်း၊ မျက်ခြေမပြတ် ကွင်းဆင်း ကြီးကြပ်ခြင်း၊ မျိုးကောင်းမျိုးသန့် သွင်းအားစုများ အမှန်တကယ် သုံးစွဲမှုရှိ/မရှိ တို့ကို ကြီးကြပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အသင်းသားတောင်သူများ၏ ထွက်ရှိလာသော သီးနှံများကို အသင်းအချင်းချင်း ချိတ်ဆက်ဝယ်ယူဖြန့်ဖြူးခြင်း၊ သက်ဆိုင်ရာ ကုမ္ပဏီများနှင့်ချိတ်ဆက်၍ ကာလပေါက်ဈေးဖြင့် ဝယ်ယူနိုင်ရေးတို့ကိုလည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း၊

          သမဝါယမအသင်းသားများမှာ ရင်းနှီးငွေလိုအပ်နေပြီး အခက်အခဲဖြစ်နေသည်ကို သိရပါ ကြောင်း၊ မိမိမှာရှိသည့် ရင်းနှီငွေများဖြင့် တစ်ပိုင်တစ်နိုင် ကြိုးပမ်းလုပ်ဆောင်ပြီး အောင်မြင်မှု ရပါက နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေမှ လည်းကောင်း၊ ပြည်ထောင်စု/ တိုင်းဒေသကြီး၊ ပြည်နယ် ဘက်ဂျက်တို့မှလည်းကောင်း၊ ရင်းနှီးငွေရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ငွေ ရရှိခံစားနေကြတဲ့ တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် ရန်ပုံငွေ ဆုံးရှုံးမှုမရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ရရှိသည့် ရန်ပုံ ငွေဖြင့် အသင်းများ ဖွံ့ဖြိုးအောင်၊ အသင်းသားတောင်သူများ၊ ကျေးရွာသူကျေးရွာသားများ တစ်ဦး ချင်းစီ ဝင်ငွေတိုးအောင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာ လိုအပ်တဲ့ပစ္စည်းများ ကိုသာ ထောက်ပံ့ပေးဖို့ အထူးမှာကြားလိုကြောင်း၊ ငွေပေးငွေယူကိစ္စများ အလွဲသုံးစားမှု မပြုလုပ် နိုင်အောင် အထူးကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ထောက်ပံ့ပစ္စည်းများအား အသင်းသားတစ်ဦးချင်း လက်ဝယ်သို့ရောက်/ မရောက် စိစစ်ရန်နှင့် သုံးစွဲရမည့် အခြေအနေမှာ အမှန်တကယ် သုံးစွဲရန် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီးပွားဖွံ့ဖြိုးရေးအတွက် ဦးတည် ဆောင်ရွက်သော စီမံကိန်းဖြစ်၍ အမှားအယွင်းမရှိစေရေး ဆောင်ရွက်ကြရန်နှင့် အမှန် တကယ် ဆောင်ရွက်သော အသင်းသားတောင်သူများ လက်ဝယ်ရောက်ရှိရေး ကြိုးစားဆောင် ရွက်ရန် မှာကြားလိုကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်ကြားပို့ချလိုက်သည့် နိုင်ငံ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သိသင့် သိထိုက် သည့်အချက်များကို အထူးအလေးအနက်ထား လေ့လာမှတ်သားကြရန်နှင့် ကြိုးစားသင်ယူ ရရှိသော အတွေ့ကြုံကောင်းများအား  မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ အမှန်တကယ် ကျင့်သုံးဆောင်ရွက်ကြရန် လွန်စွာမှအရေးကြီးပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊

ရရှိလာသည့် ရန်ပုံငွေများ အလေအလွင့် မဖြစ်စေရေး စနစ်တကျ စိစစ်ဆောင်ရွက်ရန်နှင့် အသင်းနှင့်အသင်းသားများ အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ အချို့ တိုင်းဒေသကြီး/ ပြည်နယ်များတွင် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ခွင့်ပြုချက်များဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး မိမိတို့၏အသင်းများကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ကာ စီမံကိန်းရန်ပုံငွေရရှိရေး ထပ်မံကြိုးစားတောင်းခံကြရန် ပြောကြားလိုကြောင်း၊ ရန်ပုံငွေခွင့်ပြုချက် ရရှိပြီး သမဝါယမအသင်းသားများ လက်ဝယ်သို့ ဆက်လက်ထောက်ပံ့ပေးနိုင် ရေးကို သတ်မှတ်စည်းကမ်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်က ရယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေး တောင်သူများကို ပညာပေးဆွေးနွေးကာ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရာမှာ မိမိတို့ဌာနဝန်ထမ်းများ၊ အသင်းတာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိစေရန် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းများကို တိုးမြှင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ Monitoring and Evaluation (M&E) လုပ်ငန်းများ ကိုလည်း စနစ်တကျ ထိရောက်စွာဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် ဆောင်ရွက်လျက် ရှိသည့် သမဝါယမလုပ်ငန်းများကို အရှိန်အဟုန်မြင့်စွာ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရတို့က မြစိမ်းရောင်(သမဝါယမ)စီမံကိန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် (၈) ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ (၃) ခုတို့တွင် သမဝါယမကဏ္ဍအတွက် ကျပ် (၁၂၃၅၃.၇၀) သန်း အဆိုပြုလျာထားခဲ့ ပြီး ကျပ် (၈၉၀၅.၀၄) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် ကျန်ရှိနေ သည့် ကျပ်(၃၄၄၈.၆၆)သန်းကို လာမည့်ရာသီတွင် ကော်မတီအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်း (၂၄၉) ဦးနှင့် သမဝါယမအသင်းများမှ အသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်း (၂၁၅)ဦး၊ စုစုပေါင်းသင်တန်းသား / သူ (၄၆၄) ဦးဖြင့် ဧပြီ ၂၄ မှ ၂၅ ရက်အထိ (၂) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm