မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊RBF စီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့်ခေတ်မီစံပြကျေးရွာအကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ရွှေသိန်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းက စီမံကိန်းကျေးရွာရွေးချယ်ရေးသတ််မှတ်စည်းမျဉ်း၊စည်းကမ်းများနှင့်စီမံကိန်းကျေးရွာများရွေးချယ်ပေးရာတွင်အမှန်တကယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်ကျေးရွာများကို ဦး စားပေးရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကျေးရွာရွေးချယ်ပွဲတက်ရောက်လာကြသည့် ရမည်းသင်းမြို့နယျစီမံအုပျခြုပျရေးအဖှဲ့ဥက်ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ တစ်ရွာ၊RBF စီမံကိန်းကျေးရွာ တစ်ရွာနှင့်ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ ကိုးရွာနှင့်ခေတ်မီစံပြကျေးရွာ ၁ ရွာ စုစုပေါင်းကျေးရွာ ၁၂ ရွာကို သတ်မှတ် ထားသည့်ကျေးရွာရွေးချယ်ရေးစည်းမျဉ်း၊စည်းကမ်းများနှင့်အညီဦးစားပေးအလိုက်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်