Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘိုကလေးမြို့နယ် ငွေတောင်စံပြကျေးရွာ၌ ကျေးလက်စီးပွါးမြင့်မာရေးရန်ပုံငွေထူထောင် ခြင်းလုပ်ငန်း(RBF)စီမံကိန်းလုပ်ငန်းများ စစ်ဆေ


24 Apr,2023

ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာအကောင်အထည်ဖော် ဆောင်ဆောင်ရွက်နေသည့် ငွေတောင်စံပြကျေးရွာ၌ ကျေးလက်စီးပွါးမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ ငွေတောင်စံပြကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများစနစ်တကျဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များ အတိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ဖြည့်စွက်မှာကြားသည်။

အဆိုပါ ငွေတောင်စံပြကျေးရွာ၌ ကျေးလက်စီးပွါးမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား ၂၁ ဦးကို စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ ထုတ်ချေးပေးထားကြောင်း၊ စီမံကိန်းချေးငွေများကိုကျေးရွာရှိ စိုက်ပျိုးမွေးမြူထုတ်လုပ် သူများနှင့်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ကိုင်သူများအတွက်လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန်ရည်ရွယ်၍ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ဘိုကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှုး ဦးဇော်လင်းနိုင်က ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm